ထိုင်းနိုင်ငံ ဆာမူပရာခန် မှာ အမျိုးသမီးတစ်ဦးကို အရှည် ၄ ပေခန့်ရှိတဲ့ စပါးကြီးမြွေတစ်ကောင်က
ရစ်ပတ်ခဲ့ပြီး မြိုရန်ကြိုးစားခဲ့မှုအား ၂ နာရီကြာ ရင်ဆိုင်ခဲ့ရပြီးနောက် ထိုအမျိုးသမီးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။
မီးဖိုချောင်အတွင်း သန့်ရှင်းရေးလုပ်နေစဉ် ၎င်း၏ခန္ဓာကိုယ်အောက်ပိုင်းအား မှ စ၍ စပါးကြီးမြွေက ရစ်ပတ်ရန်ကြိုးစားခဲ့ပြီး အမျိုးသမီးက လွတ်မြောက်ရန်ကြိုးစားခဲ့သော် လည်း စပါးကြီးမြွေက သန်မာလွန်းပြီး အမျိုးသမီးအားလည်း အချက်များစွာ ကိုက်ခဲခဲ့ကြောင်းသိရှိရပါတယ်။
အမျိုးသမီး၏ အော် ဟစ် ငြီးငြူသံကို အိမ်နီးနားချင်းများကြားပြီး ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ တံခါးအားချိုးဖျက်ဝင်ရောက်ကူညီနိုင်ချိန်အထိ ၂ နာရီခန့်ကြာမြင့်ခဲ့ကာ ယခုမှာတော့ အမျိုးသမီးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း
သတင်းများတွင်ဖော်ပြပါတယ်။
crd