ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ အကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း

ဧရာဝတီမြစ်ကြောင်းအတွင်း ခရီးသွားပြည်သူလူထုမှ ခရီးသွားလာခြင်းနှင့် ကုန်စည်ပို့ဆောင်ခြင်းများ ဆောင်ရွက်နေသည့် သင်္ဘောများကို PDF အမည်ခံ အကြမ်းဖက်သမားများက ကုန်စည်စီးဆင်းမှု ပြတ်တောက်စေရန်နှင့် ၎င်းတို့အတွက် ငွေကြေးမလုံလောက်မှုများ ဖြစ်ပေါ်လာသည့်အတွက် ဆက်ကြေးတောင်းခြင်း၊ ဆက်ကြေးမပေးနိုင်သည့် သင်္ဘောများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။