မေလ(၁)ရက်နေ့မှ စတင်ပြီး UID (Smart Card) ပါမှသာ နယ်စပ်ဖြတ်သန်းခွင့်ပြုမည်

မေလ(၁)ရက်နေ့မှ စတင်ပြီး UID (Smart Card) ပါမှသာ နယ်စပ်ဖြတ်သန်းခွင့်ပြုမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။

UID (Smart Card) သည် မြန်မာနိုင်ငံအတွင်း နေထိုင်ပြီး အသက်(၁၀)နှစ်အထက်ရှိသူများကို အီလက်ထရောနစ် စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များနှင့် ဇီဝအချက်အလက်များကို ကောက်ယူမှတ်ပုံတင်ပြီး ဂဏန်း(၁၀)လုံး ပါရှိသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့သို နယ်စပ်ဖြတ်ကျော် ဝင်ထွက်ဂိတ်များမှ ဝင်ထွက်ခွင့်ပြုရာတွင် နယ်စပ်အဝင်/ အထွက် လူဦးရေစာရင်းဇယား တိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတုများနှင့် အသုံးမပြုသည့်ကတ်များအား အသုံးပြု၍ သွားလာခြင်းများကို ထိန်းချုပ်နိုင်ရေးတို့အတွက် UID လက်မှတ်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေးမည်ဟု သိရပါသည်။

နယ်စပ်ဝင်/ထွက်ဂိတ်များသို့ TBP, BP လက်မှတ်လာရောက်လျှောက်ထားသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ UID စာရွက်ပါ တစ်ပါတည်း ယူဆောင်လာရမည်ဟု ထုတ်ပြန်ထားချက်အရ သိရသည်။ #Crd