မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ

🎉ဆုတောင်းတွေပြည့်စေဖို့🎉

မန်လည်ဆရာတော်ဘုရားကြီး
သီကုံးတော်မူခဲ့တဲ့
“မဃဒေဝ”အလင်္ကါမှာ
ဒီလိုဖွဲ့ဆိုထားပါတယ်…

ထိုထိုများစွာ သတ္တဝါ၌
သဒ်ဓါ သီလ သုတ စာဂါ
ပညာတရား
ဤငါးပါးနှင့်ပြည့်ငြားသူသာ
လိုရာရာလျှင်ပတ္ထနာဆုတောင်း
တောင်းတိုင်းမုချ ရတတ်စွတည်း၊
ကင်းကွာသူအပေါင်း
ဆုပင်တောင်းလည်း
တောင်းတိုင်းမရ ကျမ်းဝယ်ပြ၏။
(မဃဒေဝ)

ဆုတောင်းတွေပြည့်ဖို့ဆို
သဒ္ဓါ သီလ သုတ စာဂ ပညာစတဲ့
အချက်ငါးချက်နဲ့ပြည့်စုံဖို့လိုပါတယ်။

သဒ္ဓါဆိုတာ ရတနာသုံးပါးနဲ့
ကံ ကံ၏အကျိုးကို ယုံကြည်တာပါ။

သီလဆိုတာ
အောက်ထစ်အနည်းဆုံး
ငါးပါးသီလလုံခြုံဖို့လိုပါတယ်။

စာဂဆိုတာ
ပေးကမ်းစွန့်ကြဲခြင်းဒါနကုသိုလ်ပါ။

သုတဆိုတာ စာဖတ်ရင်း တရားနာရင်း
ပညာရှိတို့စကား မှတ်သားရင်းသိတဲ့
ဗဟုသုတပါ။

ပညာဆိုတာကတော့ ဓမ္မ-အဓမ္မ
ကုသိုလ် အကုသိုလ်၊အကောင်းအဆိုး
ကို ခွဲခြားနိုင်ခြင်းကို ဆိုလိုတာပါ။

အရှင်ဇဝန(လယ်ဝေး)