နေ့စဥ်တိုင်းမှာ
အတွေးကောင်းလေးတွေကို
တွေးဖြစ်အောင် ကြိုးစားထားပါ ။
အတွေးကောင်းလေးသာရှိမယ်ဆိုရင်
ကိုယ့်စိတ်ကို ချမ်းသာအောင်
သူက တာ၀န်ယူသွားလိမ့်မယ် ။
အများအကြောင်းတွေကိုလည်း
သိပ်မတွေးမိပါစေနဲ့ ။
သိပ်တွေးမိနေရင်
စိတ်လေးနေရမှာ သေချာတယ် ။
ပူလောင်မှုကို လျှော့ချတဲ့နေရာမှာ
အတွေးမှန်အောင်ထားခြင်းဟာ
ကိုယ့်အတွက် လိုအပ်နေပါတယ် ။
ကိုယ်အေးချမ်းစွာနေရဖို့အတွက်
ကိုယ်နှင့်လည်းမဆိုင်
ကိုယ်ဘာမှလုပ်မပေးနိုင်တဲ့ကိစ္စတွေကို
ခဏလေး မေ့ထားလိုက်ပါ ။
မေ့ထားပြီး လျှော့ချလိုက်ခြင်းက
ကိုယ့်ဘ၀ကို သက်သာသွားစေမှာပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏