ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (21st ASEAN Air Chiefs Conference- 21st AACC)သို့ တက်ရောက်မည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ် General Soeung Samnang ၊ ထိုင်းလေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် လာအိုလေတပ် ဦးစီးချုပ်(ကိုယ်စား) လာအိုလေတပ်နိုင်ငံရေးမှူး Brigadier General Bounma CHANTHAVONGSA တိုနှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်များအကြား ပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဆိုင်ရာ လေ့ကျင့်ခန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံလေတပ်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့တယ်လို့သိရ။
ဆက်စပ်အကြောင်းအရာများ
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ
- ပုည
- July 3, 2024
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ […]
မွန်ပြည်တော်လှန်ရေးတပ်မှ အဖွဲ့ဝင်တစ်ဦး အလင်းဝင်
- အေးခင်
- January 5, 2024
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ အဖွဲ့ဝင်တစ်ဉီး အလင်းဝင်ရောက်လာ၍ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ခဲ့ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ခံဝန်လက်မှတ်ရေးထိုး၍ […]
TTX လေ့ကျင့်ခန်းပြင်ဆင်မှုပုံရိပ်များ
- Admin
- August 6, 2023
မြန်မာနိုင်ငံတွင် ပထမဦးဆုံး အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့တဲ့ နိုင်ငံတကာတပ်ဖွဲ့များပါဝင်သော အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး Table Top Exercise ( TTX ) အား မြန်မာ့တပ်မတော် […]