စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်မှာရှိတဲ့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၃ ရက်၊ မနက် ၈ နာရီခွဲအချိန်က Operation 39/24(2024) အထူးစစ်ဆင်ရေး စီမံချက်အရပြုလုပ်တဲ့ စစ်ဆေးမှုအတွင်း နေပြည်တော်ကနေ သယ်ဆောင်လာတဲ့ ဘိန်းစိမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဆိုပါ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မန္တလေးကနေ မိုးကောင်းသို့ သွားရောက်မယ့် ယာဉ်မောင်း လှိုင်မင်း မောင်းနှင်တဲ့ ယာဉ်အမှတ်၊ KCN-16/GG-1935 နံပါတ်ပါ AD Van အမျိုးအစား အဖြူရောင်ယာဉ်နဲ့ ယာဉ်မောင်း ကျော်မင်းထွန်း မောင်းနှင်တဲ့ ယာဉ်အမှတ်၊ KCN-16/GG-1229 နံပါတ်ပါ AD Van အမျိုးအစား အဖြူရောင်ယာဉ်တို့ကို တားဆီးစစ်ဆေးခဲ့ရာကနေ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိတရားခံ အောင်ကျော်မင်း၊ ၂၃နှစ်၊ (ဘ)ဦးမြအောင်၊ ၈/မသန(နိုင်) ၁၅၉၇၅၇၊ ဗမာ/ဗုဒ္ဓ၊ တောင်သူလုပ်၊ (၄)တန်း၊ ဆင်တောင်ကျေးရွာ၊ အောင်သပြေကျေးရွာအုပ်စု၊ တပ်ကုန်းမြို့နယ်၊ နေပြည်တော်နဲ့ ကြည်နိုင်၊ ၃၆ နှစ်(ဘ) ဦးဝင်ဆောင်၊ ၉/ရမသ (နိုင်)၂၀၁၀၇၃၊ ဗမာ/ဗုဒ္ဓ၊ တောင်သူလုပ်၊ (၄)တန်းအောင်၊ ဆုံတည်ပင်ကျေးရွာ၊ အောင်သပြေကျေးရွာအုပ်စု၊ တပ်ကုန်းမြို့နယ်၊ နေပြည်တော် နေသူတို့ (၂)ဦးကို အသေးစိတ်စစ်ဆေးလျှက်ရှိပြီး အမှုဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။