ကုသိုလ်မှန်သမျှဟာ မှန်ကန်ကောင်းမွန်စွာနှလုံးသွင်းမှုဆိုတဲ့ ယောနိသော မနသိကာရကိုအခြေခံတယ်။
မနာလိုစိတ်မမွေးနဲ့၊ သာဓုမခေါ်နိုင်တဲ့ ဘဝ ရောက်တတ်တယ်။
ဘဝဆိုတာ.
အဆင်ပြေတဲ့အခါ ရှိတယ်။
အဆင်မပြေတဲ့အခါ ရှိတယ်။
အဆင်ပြေတဲ့အခါ.
မမော်မကြွား ကုသိုလ်လုပ်ဖြစ်အောင် ကြိုးစားပါ။
အဆင်မပြေတဲ့အခါ. စိတ်ဓာတ်မကျဘဲ
သည်းခံစိတ်ဖြင့် ကောင်းတာလုပ်ပြီး ကျော်ဖြတ်ပါ။ 🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ