သံသရာမှာ ကောင်းကျိုးပေးတဲ့အချိန်ရှိသလို မကောင်းကျိုးပေးတဲ့ အချိန်လည်း
ရှိပါတယ်။
အချိန် ၂-မျိုးလုံးကို အသိပညာနဲ့ စောင့် ကြည့်ရမှာ ဖြစ်ပါတယ်။
ကောင်းကျိုးပေးတဲ့ အချိန်မှာ ဘဝမမေ့ဖို့၊
မကောင်းကျိုးပေးတဲ့ အချိန်မှာ
စိတ်ဓာတ်မကျဖို့ လိုပါတယ်။
အရာခပ်သိမ်းဟာ ထာဝရဆိုတာ မရှိဘူး၊
တစ်ခဏသာ ဖြစ်တယ်လို့
ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်ပါ၊
စိတ်တည်ငြိမ်မှုကို ရနိုင်ပါတယ်။ 🙏🙏🙏
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ