၂၀၂၄ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် သက် ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
၂၀၂၄ခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း၊တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ အမျိုးသား/အမျိုးသမီး၂၀ ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲ ဗိုလ်လုပွဲ ၊အမျိုးသား ၁၀ မျိုးစုံမီတာ ၁၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ ၊ အမျိုးသား/အမျိုးသမီး မီတာ၄၀၀တန်းကျော်ပြေးပြိုင်ပွဲ လူရွေးပွဲ ၊အမျိုးသား ၁၀ မျိုးစုံ အလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ ၊ အမျိုးသား ၁၀ မျိုးစုံ သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊အမျိုးသား/အမျိုးသမီး မီတာ၈၀၀ ပြေးပြိုင်ပွဲဗိုလ်လုပွဲ၊အမျိုးသား/အမျိုးသမီး မီတာ၂၀၀ ပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား ၁၀ မျိုးစုံ တန်းမြင့် ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ မီတာ၄၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ဇေယျာသိရိ ားကစားရုံ (A)တွင် အမျိုးသား /အမျိုး သမီး ကီလိုတန်းအလိုက် အတိုတ် ရှုံးထွက်ပွဲစဉ် များ၊ပတ်လည်ပွဲစဉ်များ၊ တတိယလုပွဲများနှင့်ဗိုလ်လု ပွဲစဉ်များကိုအသီးသီးယှဉ်ပြိုင်ကစားကြသည်။ ထိုနောက် အားကစား အမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော် ဂျူဒိုကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။