အပိုင်း (၁)
တရုတ်နယ်စပ်မှာ အခိုင်အမာအခြေပြုပြီး အမေရိကန်ယိမ်း လူလည် KIA အဖွဲ့ကို တရုတ်က အမေရိကန်နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း စစ်ရေးလှုပ်ရှားမှုမလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်..
ဒီသတင်းကို KIA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ နော်ဘူက အတည်ပြုခဲ့ပါတယ်..ဩဂုတ်လကုန်က KIA ဒုဥက္ကဋ္ဌ သဘောထားတင်းမာသူ ဂမ်ရှောင်ကို တရုတ်အထူးသံတမန် တိန့်ရှီကျင်းက ထိန်ချုံးမြို့ကို ဆင့်ခေါ်ခဲ့ပြီး..
၁- KIA အနေနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ နီးစပ်တဲ့ ဆက်ဆံရေးတွေ မလုပ်ဖို့
၂- ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့
၃- နယ်စပ်တစ်လျှောက် တိုက်ပွဲတွေ မဖော်ဆောင်ဖို့နဲ့
၄- မြန်မာပြည်တွင်းမှာရှိတဲ့ တရုတ်ရဲ့ စီးပွားရေးတွေကို နှောင့်ယှက်တိုက်ခိုက်မှုမလုပ်ဖို့ စတဲ့
အချက် ၄ ချက်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်..
KIA အဖွဲ့အနေနဲ့ သူ့အဖွဲ့ရပ်တည်နိုင်ရေးအတွက် အစဉ်အဆက် တရုတ်နိုင်ငံအပေါ် မှီခိုအားထားခဲ့ရပြီး တရုတ်ကလည်း မြန်မာအစိုးရအဆက်ဆက်ကို ထိန်းချုပ်ဖို့ သူ့နယ်စပ်မှာ UWSA၊ MNDAA တို့လိုမျိုး KIA ကို Proxy အဖြစ် မွေးမြူထားတာဖြစ်ပါတယ်..
KIA အဖွဲ့ရဲ့ လက်နက်၊ ခဲယမ်းထုတ်လုပ်မှု၊ ဝင်ငွေရရှိမှု၊ စားနပ်ရိက္ခာအပါအဝင် အစစအရာရာ တရုတ်နိုင်ငံကို မှီခိုနေရပြီး ကျောက်စိမ်း၊ ရွှေ၊ သစ်အပါအဝင် သယံဇာတ မှောင်ခိုလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေကြောင့် လိုင်ဇာ၊ မိုင်ဂျာယန်တို့လို အထူးဒေသအမည်ခံနယ်စပ်မြို့များ ဖွံ့ဖြိုးတိုးတက်လာခြင်းဟာ တရုတ်နိုင်ငံသားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် ဖြစ်ပါတယ်…
ဒါကြောင့် KIA အဖွဲ့ရဲ့ အင်အား(လူ၊ လက်နက်)၊ ငွေကြေးနဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အားလုံးဟာ တရုတ်အပေါ် မှီခိုနေရပြီး KIA ရဲ့ လက်နက်၊ ခဲယမ်းစက်ရုံတွေဟာ တရုတ်နယ်စပ်မျဉ်းပေါ်မှာ တရုတ်ရဲ့ မသိချင်ယောင်ဆောင်ပေးမှုကြောင့် လည်ပတ်နေနိုင်ခြင်းဖြစ်တာ ထင်သာမြင်သာရှိလှပါတယ်…
အပိုင်း ၂ ဆက်လက်ဖော်ပြပေးသွားပါမည်…
ခင်ညိုချော