အကြမ်းဖက်လက်နက်ကိုင်သက်တမ်းကြာမြင့်နေပြီး တပ်မတော်ကိုတိုက်ခိုက်နေတဲ့ MNDAA ဟာ အညာသား PDF များကိုစည်းရုံးအသုံးချ မျှော်လင့်ချက်အမှားတွေပေးပြီး တိုက်ပွဲမှာ အသုံးချခဲ့ကြတယ်။ လက်နက်ကိုင်တိုက်ပွဲဖြစ်စဉ်များမှာ ရှေ့တန်းပို့ ထိပ်ဆုံးကအသေခံခိုင်းလာခဲ့ရာမှ အခုတော့ မျှော်လင့်ချက်တွေမဲ့သွားရပြီး အညာသား PDF တော်တော်များများလည်း တိုက်ပွဲအတွင်းများ သေဆုံးကုန်ကြပြီ။
ဒီလိုသေဆုံးကုန်ကြတာမို့ PDF တွေရဲ့ ပေါက်ကွဲသံစဉ်များဟာလည်း ပြင်းထန်းပေါက်ကွဲထွက်လာခဲ့ကြပါပြီ။ တော်လှန်ရေးခေါင်းဆောင်အမည်ခံ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေက PDF တွေကို Eaos တွေလက်ထဲ ကြေးစားစစ်သားတွေအဖြစ် ရောင်းစားပြီး သူတို့ကတော့ နယ်စပ်မှာပျော်နေကြပြီတဲ့..
ဒီဖြစ်စဉ်ကို သုံးသပ်ရရင် သွေးဆာနေတဲ့ လူငယ်တွေကို နိုင်ငံရေးမှိုင်းတိုက်ပြီး နိုင်ငံရေးသမားတွေက ကိုယ်ကျိုးရှာအမြတ်ထုတ်နေကြတယ်။ ဒါကိုမသိတဲ့ လူငယ်တွေက သူတို့ရဲ့ကိုယ်ကျိုးအတွက် အသက်တွေစတေးပြီး ဖြည့်ဆည်းပေးနေကြတာကို တွေ့နေရတယ်။ ဒါကြောင့်မို့ လူငယ်များအနေနဲ့ နိုင်ငံရေးအရောင်ဆိုးခံရပြီး ပြည်ဖျက်တွေရဲ့ သားကောင်ဖြစ်မသွားဖို့အတွက် အရာရာကိုစဉ်စားဆင်ခြင်နိုင်ကြပါစေ။